Android ဖုန်းတစ်လုံးကို အင်တာနက်မှတဆင့် ထိန်းချုပ်ခြင်း
မိမိရဲ့ဖုန်းကို Internet ပေါ်ကနေ (တနည်းအားဖြင့်) ကွန်ပျူတာ browser ကနေလှမ်းပြီးထိန်းချင်တယ်ဆိုရင် AndroidLost ကိုသုံးရပါမယ်။
၁. AndroidLost apk ကိုဖုန်းထဲမှာ အရင်ထည့်ပါ။ ထည့်ပြီးရင် အဲဒီ apk ကိုဖွင့်ပါ။ ပြီးရင် administrator right ကို activate လုပ်ပါ။ activate လုပ်တဲ့အခါ မိမိဖုန်းထဲမှာ ထည့်ထားပြီးသား၊ရှိနှင့်ပြီးသား mail account နဲ့ activate လုပ်သွားပါလိမ့်မယ်။
၂။ ကွန်ပျူတာမှာ Browser မှာ http://www.androidlost.com လို့ရိုက်ထည့်ပါ။ Android Lost ထဲရောက်ပြီဆိုရင် စောစောက ဖုန်းထဲမှာ register လုပ်သွားတဲ့ mail account နဲ့ login ၀င်ပါ။
၃။ ကွန်ပျူတာကနေ browser မှတဆင့် ဖုန်းကိုထိန်းလို့ရသွားပါပြီ။
AndroidLost ကနေ မိမိရဲ့ဖုန်းကို လှမ်းထိန်းတဲ့နေရာမှာ
- မိမိဖုန်းကနေ တခြားဖုန်းကို လှမ်းခေါ်ခြင်း၊ message ပို့ခြင်း
- screen lock ချခြင်း၊ ပြန်ဖွင့်ခြင်း
- alarm ပေးခြင်း
- GPS တည်နေရာကြည့်ခြင်း
- ဓာတ်ပုံရိုက်ခြင်း
စသည်တို့ကို ဖုန်းကိုမကိုင်ဘဲ ကွန်ပျူတာရဲ့ browser ကနေ လှမ်းထိန်းလို့ရပါပြီ။
AndroidLost apk ကိုဒီမှာဒေါင်းပါ
http://www.mediafire.com/download.php?j62zwxf2kfk8p7k
No comments:
Post a Comment