Welcome to BitCom ICT Solution and Training Centre

Friday, December 14, 2012

Android ဖုန်းတစ်လုံးကို အင်တာနက်မှတဆင့် ထိန်းချုပ်ခြင်း

မိမိရဲ့ဖုန်းကို Internet ပေါ်ကနေ (တနည်းအားဖြင့်) ကွန်ပျူတာ browser ကနေလှမ်းပြီးထိန်းချင်တယ်ဆိုရင် AndroidLost ကိုသုံးရပါမယ်။
၁. AndroidLost apk ကိုဖုန်းထဲမှာ အရင်ထည့်ပါ။ ထည့်ပြီးရင် အဲဒီ apk ကိုဖွင့်ပါ။ ပြီးရင် administrator right ကို activate လုပ်ပါ။ activate လုပ်တဲ့အခါ မိမိဖုန်းထဲမှာ ထည့်ထားပြီးသား၊ရှိနှင့်ပြီးသား mail account နဲ့ activate လုပ်သွားပါလိမ့်မယ်။
၂။ ကွန်ပျူတာမှာ Browser မှာ http://www.androidlost.com လို့ရိုက်ထည့်ပါ။ Android Lost ထဲရောက်ပြီဆိုရင် စောစောက ဖုန်းထဲမှာ register လုပ်သွားတဲ့ mail account နဲ့ login ၀င်ပါ။
၃။ ကွန်ပျူတာကနေ browser မှတဆင့် ဖုန်းကိုထိန်းလို့ရသွားပါပြီ။

AndroidLost ကနေ မိမိရဲ့ဖုန်းကို လှမ်းထိန်းတဲ့နေရာမှာ
- မိမိဖုန်းကနေ တခြားဖုန်းကို လှမ်းခေါ်ခြင်း၊ message ပို့ခြင်း
- screen lock ချခြင်း၊ ပြန်ဖွင့်ခြင်း
- alarm ပေးခြင်း
- GPS တည်နေရာကြည့်ခြင်း
- ဓာတ်ပုံရိုက်ခြင်း
စသည်တို့ကို ဖုန်းကိုမကိုင်ဘဲ ကွန်ပျူတာရဲ့ browser ကနေ လှမ်းထိန်းလို့ရပါပြီ။

AndroidLost apk ကိုဒီမှာဒေါင်းပါ
http://www.mediafire.com/download.php?j62zwxf2kfk8p7k
မိမိကွန်ပျူတာလေး သုံးရတာမြန်အောင် ပြုလုပ်ခြင်း
Software name: ccleaner
Download Link:
http://www.mediafire.com/download.php?omb6j51n69i94g0

ဒီ software လေးက မိမိကွန်ပျူတာရဲ့ မလိုအပ်တဲ့ temp file, internet history, cookies, recent files တွေကို ရှာပြီး ရှင်းလင်းပေးပါတယ်။ Windows registry တွေကိုလည်း မလိုအပ်တော့တဲ့၊ မသုံးတော့တဲ့ key တွေရှာဖွေရှင်းလင်းပေးတယ်။ သုံးရတာ ပေါ့လည်း ပေါ့တယ်၊ လွယ်လည်းလွယ်တယ်။
Android ပေါ်မှာ Apk တစ်ခုထဲနဲ့ Facebook chat, Gtalk chat, Yahoo chat ပြောခြင်း

Nimbuzz နဲ့ facebook, gtalk, yahoo အကောင့်တို့နဲ့ ချက်လို့ရပါတယ်။
Nimbuzz ကိုလိုချင်ရင် ဒီမှာ ဒေါင်းပါ။
http://www.mediafire.com/download.php?sb5fjpfstm5dach

Wednesday, December 5, 2012

မိမိဖုန်းကို Wifi Zone မှာ သူတစ်ပါး Hack လို့မရအောင် ကာကွယ်ခြင်း

Wifi Zone တွေမှာ ကိုယ့်ဖုန်းကို wifi သုံးမရအောင် တခြားဖုန်းကနေ လှမ်းပြီးပိတ်လို့ရပါတယ်။ ထိုကဲ့သို့ အပိတ်မခံရအောင် မိမိဖုန်းထဲကို အောက်ပါ APK လေးထည့်ပြီးကာကွယ်ထားပါ။

DroidSheep APK

အောက်ပါ လင့်မှာ Down ပါ။
http://www.mediafire.com/download.php?m5bk5gz93q89ay6

Wednesday, November 7, 2012

Good Luck for All Ladies and Gentle Men

About image signature verify fail!

Huawei C8812 (CDMA 800) ဖုန်းနဲ့ပတ်သက်ပြီးမှတ်သားစရာလေး(၁)ခု

Root တူးတာ၊ Rom အသစ်ရေးတာတွေဟာ မခက်ပါဘူး။ သက်ဆိုင်ရာ Rom ကို Download ဆွဲတဲ့အခါ သေသေချာချာ ဆွဲပါ။ Root တူးတဲ့အခါ UnlockBootloader ကိုသုံးပြီး တူးလို့ရပါတယ်၊ အရမ်းလွယ်ပါတယ်။ တခြား Root တူးတဲ့ဟာတွေလည်းရှိပါတယ်။ 
ကျွန်တော့်ကိုယ်တွေ့ကို ပြောရရင် UnlockBootloader ကိုသုံးတဲ့အခါမှာ Software မှာရှိတဲ့ Bootloader ကိုမနှိပ်မိပါစေနဲ့။ အဲဒီ command က ဖုန်းရဲ့ Bootloader ကိုဖွင့်တာပါ။ အဲဒီလိုဖွင့်ယုံနဲ့တော့ ဖုန်းက ဘာမှတော့ မဖြစ်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်က အဲဒီ Bootloader ကိုဖွင့်ပြီးတဲ့နောက်မှာ ဖုန်းထဲမှာ ပါတဲ့ Online update ကိုလုပ်မိပါတယ်။ Update ကို Download ဆွဲတာပြီးပါတယ်၊ နောက် သူ့အလိုအလျောက် auto install လုပ်သွားပါတယ်၊ အဲဒီလို လုပ်သွားပြီး ဖုန်း restart ကျသွားပါတယ်၊ အဲဒီအချိန်မှာပဲ ဖုန်းက ပြန်မတက်တော့ပါဘူး၊ ဒီ message တွေပေါ်လာပါတယ်။

Image signature verify fail!
Your app boot image may have an incorrect signature.
Please update your image to a signature official one.
You can remove battery for power down. ဆိုပြီး error တက်ပါတယ်၊ custom rom တွေ ဘယ်လိုပဲပြန်ရေးရေး မရတော့ပါဘူး။ နောက်ဆုံးမှာတော့ Box နဲ့ rom ပြန်ရေးလိုက်ရပါတယ်။ Service Charges 35000/- ပေးလိုက်ရပါတယ်။
ဒီ ပို့စ် ကိုဗဟုသုတအဖြစ်တင်ပေးတာပါ။ တချို့လည်း အဲဒီလို Bootloader ကို Unlock လုပ်တာ ဘာမှမဖြစ်ဘူးလို့ပြောကြတာပဲ၊ ကျွန်တော်ကတော့ ဖြစ်ခဲ့ဘူးလို့ ပြောပြထားတာပါ။